Pages

Pages

မြောက်ဦးမြို့၌ ပေါ်ဆန်းရင် မျိုးစပါးများ အား မုန်တိုင်းသင့် တောင်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်






MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ယနေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မှ မုန်တိုင်းသင့်တောင်သူများအား ထောက်ပံ့မည့် ပေါ်ဆန်းရင် မျိုးစပါးများ သည် တပ်မတော်ယာဉ်များဖြင့် မြို့တော် ခန်းမ သို့ ရောက်ရှိလာသည်။


အဆိုပါ ရောက်ရှိလာသော ပေါ်ဆန်းရင်မျိုးစပါးများကို မြောက်ဦးမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်တာဝန်ရှိသူများသည် မြောက်ဦး မြို့နယ်အတွင်း မိုခါမုန်တိုင်း ကြောင့် ပျက်စီးသွားသော ကျေးရွာအုပ်စု(၄) အုပ်စု ဖြစ်သော ဥက္ကာကျော် ၊ ထမ္မရာဇ် ၊ ပုဇွန်ဖေ ၊ သံချောင်း ကျေးရွာအုပ်စုများအား ပေါ်ဆန်းရင် မျိုးစပါး(၆၇၃) အိတ်၊ စပါးတင်း(၈၄၀) တင်းနှင့် မြောင်းဘွေကျေးရွာအုပ်စုအတွက် (၅၂၂) တင်း စုစုပေါင်း (၁၃၆၂)တင်းကို မုန်တိုင်းသင့်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


မုန်တိုင်းသင့်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ ဝင်များ က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment