Pages

Pages

ရမ်းဗြဲမြို့တွင် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက်ယနေ့၊ နံနက်(၇) နာရီအချိန်က ရမ်းဗြဲမြို့အခြေခံပညာအထက်တန်း အထကပုလုတ်တောင်ကျောင်း၌ သစ်ကိုင်း၊ သစ်ရွက်များနှင့်ခြုံနွယ်များအား တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် အခြေခံပညာအထက်တန်းကျောင်းဝင်း၌ သစ်ကိုင်း၊ သစ်ရွက်များနှင့်အမှိုက်များချုံနွယ်များ၊ မြက်ပင်များကို ခုတ်ထွင် ရှင်းလင်းခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေး ဆောင်ရွက်သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


အောင်တင်ကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment