Pages

Pages

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ ”အခမ်းအနားကျင်းပ



MNP ၊    ဇွန်   ၂၉

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့  နာယက ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုခဲ့သည်။


ရှေးဦးစွာ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နန်းမြင့်သီတာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက်  ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့  နာယက ဒေါ်စိုးစိုးသက် က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် သိန်း(၅၀)နှင့်  ပဲခူးတိုင်းဒေသကြီးအတွင်း ပညာသင်ရန်အခက်အခဲရှိသော တက္ကသိုလ် ကျောင်းသား/သူများအတွက် အလှူငွေလှူဒါန်းသော အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။


ယင်းနောက် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု သရုပ်ပြသခြင်း၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ယဉ်တစ်ကိုယ်မယ် ပြိုင်ပွဲ ကျင်းပခဲ့ကြသည်။ ထို့နောက် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့ သရုပ်ပြသူများနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး ယဉ်တစ်ကိုယ်မယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment