ရိုက်စ်အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်း ပယ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရိုက်စ်အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်း ပယ်ချ



MNP - ဇွန်  ၂၇


မန်ချက်စတာ စီးတီးအသင်းဟာ ဝက်ဟမ်းယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ပြီး ဝက်စ်ဟမ်းအသင်းဘက်က ပယ်ချခဲ့ကြောင်း သိရသည်။


အဆိုပါ အသက် ၂၄နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်အတွက် မန်စီးတီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀+အပိုဆုကြေး သန်း ၁၀ဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၁၀၀အထိ အလိုရှိနေပြီး ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချခဲ့သည်။


အာဆင်နယ်အသင်းကလည်း ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ နှစ်ကြိမ်တိုင် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပယ်ချခဲ့ပြီး မကြာခင်မှာ ပြုလုပ်လာမယ့် တတိယအကြိမ်ကမ်းလှမ်းမှုကို စောင့်မျှော်နေသည်။


ဒက်ကလန် ရိုက်စ်ကတော့ လန်ဒန်မှာသာ ဆက်နေလိုနေပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့နိုင်ဖို့က သူ့ရဲ့ဦးစားပေးဖြစ်ပေမယ့် မန်စီးူတီးကို ပြောင်းရွှေ့ဖို့လည်း လမ်းဖွင့်ထားကြောင်း သိရသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)