ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


MNP ၊    ဇွန်   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ဒေသန္တာရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ကျန်းမာရေးဌာနခွဲသို့ဆေးထိုးရန် လာရောက်ကြသော ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။


သက်မင်းဟန်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)