ငါးရက်တာ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ထီကံစမ်း ဝယ်ယူမှုမှာ စုစုပေါင်းစောင်ရေ ၄၈၁၃၆ စောင် ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးရက်တာ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ထီကံစမ်း ဝယ်ယူမှုမှာ စုစုပေါင်းစောင်ရေ ၄၈၁၃၆ စောင် ရှိကြောင်း သိရ



MNP ၊ ဇွန် ၁၉

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပပြုလုပ် မည့် (၅၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲတွင် ရိုက်နှိပ်ထုတ်ဝေထားသော ထီလက်မှတ်များကို ဝယ်ယူကံစမ်းနိုင်ပြီး အောင်ဘာလေအွန်လိုင်းသိန်းထီ မှလည်း ထီလက်မှတ်များ ဝယ်ယူကံစမ်းနိုင်ရန် ဇွန်လ ၈ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့သည်။ အချက်အလက်များအရ ဇွန် ၈ ရက်မှ ၁၂ ရက် မွန်းတည့် ၁၂:၀၀ နာရီအထိ ငါးရက်တာ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ထီကံစမ်း ဝယ်ယူမှုမှာ စုစုပေါင်းစောင်ရေ ၄၈၁၃၆ စောင် ရှိကြောင်း သိရသည်။


(၅၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲတွင် ထီကံစမ်းဝယ်ယူမှုများအားလုံး၏ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးသွားမည်ဟု သိရှိရပြီး အမြင့်ဆုံးဆုငွေမှာ ငွေကျပ်သိန်း ၅၀၀၀ (သိန်း ငါးထောင်) ဖြစ်ကာ အနိမ့်ဆုံးဆုငွေမှာ ငွေကျပ် ၁၀၀၀၀ (ကျပ်တစ်သောင်း)ဟု သိရသည်။ ထီလက်မှတ်ဝယ်ယူကံစမ်းသည့် မိဘပြည်သူများ အနေဖြင့် ပေါက်မဲနံပါတ်ကို ယခင်ကလို နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည့် ထီပေါက်စဉ်ဖြင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး အောင်ဘာလေ မိုဘိုင်း အက်ပလီကေးရှင်း အသုံးပြုသူများအနေဖြင့် ပေါက်မဲများကို SMS ရရှိခြင်း (သို့မဟုတ်) မိုဘိုင်း အက်ပလီကေးရှင်းတွင် ဝင်ရောက်ကြည့်ရှု စစ်ဆေး နိုင်မည်ဖြစ်ကြောင်း သိရသည်။


အောင်ဘာလေသိန်းဆုဌာနခွဲ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၁၂ ရက် အထိ ရောင်းချပြီး ထီအုပ်ရေစုစုပေါင်းမှာ ၄၂၆၄၉၆ အုပ်ရှိပြီး ထီစောင်ရေအားဖြင့် စုစုပေါင်း ၄၆၉၁၄၅၆ စောင်ရှိပြီဖြစ်ကြောင်းနှင့် အောင်ဘာလေ အွန်လိုင်း သိန်းဆုထီစနစ်စတင်ခဲ့သည့် ၂၀၂၃ ဇွန် ၈ ရက် တစ်နေ့တာအတွင်း အွန်လိုင်းမှ ထီကံစမ်းဝယ်ယူ မှုမှာ စောင်ရေ ၉၄၄၈ စောင်ရှိပြီး ဇွန် ၈ ရက်မှ ၁၂ ရက် မွန်းတည့် ၁၂:၀၀ နာရီအထိ ငါးရက်တာ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ထီကံစမ်း ဝယ်ယူမှုမှာ စုစုပေါင်းစောင်ရေ ၄၈၁၃၆ စောင် ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။


ပြည်တွင်းအခွန်များဦးစီးဌာန၏ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းသည် ပြောင်းလဲ မှုအစဖြစ်စေသည့်အပြင် အများပြည်သူ ပိုမိုကျယ်ပြန့်စွာ ထီကံစမ်းမှုပြုလုပ်နိုင်စေရေး နည်းလမ်းအသစ်များ ရှာဖွေလုပ်ဆောင်လျက် ရှိကြောင်း၊ အောင်ဘာလေ ထီကံစမ်းမှုပြုလုပ်ရာတွင် ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်မည့် နည်းလမ်းသစ်များ ထပ်မံထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဆောင်းပါးများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)