Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီအခြေခံပညာအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေး







MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၊နယ်စပ်ဒေသတိုင်း ရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍  မိုးရာသီ အခြေခံပညာအားကစားသင်တန်းများကို   ယမန်နေ့ ညနေပိုင်းမှစ၍ အဆိုပါကျောင်းတွင် ဖွင့်လှစ် ပို့ချ ပေးလျက်ရှိကြောင်းသိရသည်။ 


အဆိုပါ မိုးရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍  အားကစားနည်း ၃ မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အားကစားနည်းများ အနေဖြင့်  ဘောလုံး ၊ စားပွဲတင် တင်းနစ် ၊ စစ်တုရင် တို့ဖြစ်ရာ မိမိတို့ ဝါသနာများ အတိုင်း အားကစားနည်းကို ရွေးချယ်ကာ ကျောင်းသား၊ကျောင်းသူများက တက်ရောက်လျက်ရှိပြီး မြို့နယ်အမျိုးသမီးရောရာအဖွဲ့များမှ သင်တန်းသားများအား အချိုရည်များ ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။


 အဆိုပါ အားကစားသင်တန်းများတွင် သင်တန်းသား ၊ သင်တန်းသူ ၈၂ ဦးတက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ် အားကစားမှူး ဒေါ် ဆွေလှိုင်ငြိမ်းထံမှ သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment