ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍လူနေအိမ် ( ၂၇) လုံးအား ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍လူနေအိမ် ( ၂၇) လုံးအား ထောက်ပံ့ငွေ ပေးအပ်






MNP ၊    ဇွန်   ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ညောင်စာရေးကျေးရွာအုပ်စု လှေကြီးစုကျေးရွာရှိဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့်လူနေအိမ်  ( ၂၇) လုံးအားယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများပေးခဲ့ကြောင်းသိရသည်။


         အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့်ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့်လူနေအိမ်  ( ၂၇) လုံးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို နှင့်အဖွဲ့များမှ ကမ်းပြိုအိမ်ထောင်စုများအတွက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု ( ၁)စုလျှင်ပြောင်းရွေ့စရိတ်( ၁၀၀၀၀၀ိ /-) ကျပ်နှုန်းဖြင့်အိမ်ထောင်စု ( ၂၇) စုအတွက် ( ၂၇၀၀၀၀၀ိ /-) ကျပ်နှင့်လူတစ်ဦးလျှင်ဆန်ရိက္ခာဖိုးငွေ ( ၂၁၀၀ိ /-) ကျပ်နှုန်းဖြင့်လူဦးရေ( ၁၀၂) ဦးအတွက် ( ၂၁၄၂၀၀ိ /-) ကျပ် စုစုပေါင်း( ၂၉၁၄၂၀၀ိ /-) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


 ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)