မုံရွာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




MNP ၊ ဇွန် ၁၀

တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက မြို့နယ်၊ကျေးရွာများအထိ သွားရောက်၍ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေး လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မုံရွာတပ်နယ်အတွင်းရှိ ကော်ရဗျ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းနှင့် ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းတို့၌ ဒေသခံပြည်သူ ၂၄၀ ဦးတို့အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ အရှေ့ခင်မ ကန်ကျောင်းတိုက်၌ သံဃာတော် ၅၀ ပါးနှင့် ဒေသခံပြည်သူ ၁၃၃ ဦးတို့အား လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးကြသည်။


နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများ အား သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ အရိုးနှင့် အကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး သံဃာတော် ၁၃၆ ပါးနှင့် ဒေသခံပြည်သူ ၂၂ ဦးတို့ကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)