ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ





MNP ၊    ဇွန်   ၃၀

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခြေပြု၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ကလေးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ၊ ဆေးမှူးများနှင့်သူနာပြုတို့က မုန်တိုင်းသင့်ဒေသခံပြည်သူများအား ရာသီတုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကုသပေးခဲ့သည်။


     ထိုသို့ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်နေရာသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများလာရောက် ကြည့်ရှုအားပေးကြပြီး၊ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)