ပေါင်မြို့နယ်ကော့ကရင်ကျေးရွာတစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ကော့ကရင်ကျေးရွာတစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကျင်းပ







MNP ၊    ဇွန်   ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် ကော့ကရင်ကျေးရွာတစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကိုယနေ့နံပိုင်းက  အထက ကော့ကရင်   တစ်ထပ်ကျောင်းဆောင်သစ်၌   ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ တစ်ထပ်ကျောင်းဆောင်သစ်ကို ဒုတိယမြို့နယ်ပညာရေးမှူးဦးမင်းညွန့်တင်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေး၊ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာမော်၊ကော့ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးအမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြသည်။


ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်တင် က ယခုကျောင်းဆောင်သစ် ဖွင့်လှစ်ရခြင်းသည် ယခုဘဏ္ဍာရေးနှစ်အတွက်အစောဆုံးကျောင်းဖြစ်လို့ဂုဏ်ယူမိပါကြောင်း ကျောင်းသား/သူများအေးချမ်းစွာပညာသင်ကြားနိုင်ရန်အခုလိုကျောင်းဆောင်သစ်များကိုဆောက်လုပ်ပေးလျှက်ရှိကြောင်းအမှာစကားပြောကြားသည်။


ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ‌ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင် ကျောင်းဆောင်သစ်တွေလုံလောက်မှုရှိအောင် ကျောင်းဆောင်သစ်များကိုတိုးချဲ့ဆောက်လုပ်ပေးလျှက်ရှိကြောင်းအမှာစကားပြောကြားသည်။

 

တဆက်တည်းမှာပင် ကော့ကရင်‌ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဌေးကကျေးဇူးတင်စကားပြောကြားပြီး ကောင်းဝင့်ထည်ကုမဏ္ဏီမှတာဝန်ရှိသူက  ကျောင်းဆောင်သစ်ကို ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာမော်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)