မာန်အောင်မြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာနမှလျှပ်စစ်မီးမရရှိသည့်ကျေးရွာ၉ရွာနှင့်ဆေးပေးခန်း၊စာကြည့်တိုက်၊ဘုန်းကြီးကျောင်းများသို့အိမ်သုံးဆိုလာ(၅၀၀)စုံထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာနမှလျှပ်စစ်မီးမရရှိသည့်ကျေးရွာ၉ရွာနှင့်ဆေးပေးခန်း၊စာကြည့်တိုက်၊ဘုန်းကြီးကျောင်းများသို့အိမ်သုံးဆိုလာ(၅၀၀)စုံထောက်ပံ့လှူဒါန်း






MNP ၊    ဇွန်   ၁၇

  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်မီးမရရှိသည့်ကျေးရွာ(၉)ရွာနှင့်ဆေးပေးခန်း၊စာကြည့်တိုက်၊ဘုန်းကြီးကျောင်းများသို့အိမ်သုံး ဆိုလာW50(၅၀၀)စုံထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


  အခမ်းအနားတွင် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ်ကျော်ကျော်ဦးက လမ်းညွှန် အမှာစကားပြောကြားပြီး တောင်ကုတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသိန်းမှ အိမ်သုံးဆိုလာ ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။


   ထို့နောက်ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသိန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များကအိမ်သုံးဆိုလာW50(၅၀၀)စုံအားကျေးရွာအုပ်စုအလိုက်အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပြည်သူများ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)