မင်းပြားမြို့၌ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြတ်တောက်သွားသော လျှပ်စစ်မီးများပြန်လည်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြတ်တောက်သွားသော လျှပ်စစ်မီးများပြန်လည်ရရှိ


MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ" ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့ရွာအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များတွင် ဇွန်လ ၂၃ ရက်နေ့မှစ၍  လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်သည်။


ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော "မိုခါ" ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခြင်းဖြစ်သည်။ ထိုသို့ ပြတ်တောက်သွားသည့် လျှပ်စစ်မီးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်မဘက်နှင့် ရခိုင်ပြည်နယ်မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများပူးပေါင်းပြီး ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်တိုင်များကို အမြန်ဆုံး စနစ်တကျပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့ရာ မြို့​ပေါ်  (၈)ရပ်ကွက်၊ ကျေးရွာ(၃) ရွာအတွင်း ပြုပြင်ပြီးစီးပြီဖြစ်၍ ဝန်ကြီးဌာနပိုင် ထရမ်စဖော်မာ (၂၇) လုံး၊ အခြားဌာနပိုင် (၇) လုံး၊ ပုဂ္ဂလိကပိုင် (၆) လုံး၊ စုစုပေါင်း ထရမ်စဖော်မာ (၄၀) လုံးတို့ဖြင့်  မီးသုံးစွဲသူ (၃၁၂၁) ဦးအား လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမှသိရသည်။


သောင်းရွှေ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)