MNP ၊ ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့ရွာအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များတွင် ဇွန်လ ၂၃ ရက်နေ့မှစ၍ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခြင်းဖြစ်သည်။ ထိုသို့ ပြတ်တောက်သွားသည့် လျှပ်စစ်မီးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်မဘက်နှင့် ရခိုင်ပြည်နယ်မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများပူးပေါင်းပြီး ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်တိုင်များကို အမြန်ဆုံး စနစ်တကျပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့ရာ မြို့ပေါ် (၈)ရပ်ကွက်၊ ကျေးရွာ(၃) ရွာအတွင်း ပြုပြင်ပြီးစီးပြီဖြစ်၍ ဝန်ကြီးဌာနပိုင် ထရမ်စဖော်မာ (၂၇) လုံး၊ အခြားဌာနပိုင် (၇) လုံး၊ ပုဂ္ဂလိကပိုင် (၆) လုံး၊ စုစုပေါင်း ထရမ်စဖော်မာ (၄၀) လုံးတို့ဖြင့် မီးသုံးစွဲသူ (၃၁၂၁) ဦးအား လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမှသိရသည်။
သောင်းရွှေ
https://t.me/MyanmarNationalPost
No comments:
Post a Comment