စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး တက်ရောက်၊ အကျဉ်းထောင်ရှိတာဝန်ရှိသူများအားတွေ့ဆုံ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး တက်ရောက်၊ အကျဉ်းထောင်ရှိတာဝန်ရှိသူများအားတွေ့ဆုံ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး





MNP ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော် မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း၏ ခရီးသွားလုပ်ငန်းအခြေအနေမှန် အားသိရှိရန်နှင့် ဌာနဆိုင်ရာအချင်းချင်း၊ လုပ်ငန်းရှင်များနှင့်အတူအကွ ပူးပေါင်းဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရဖက်မှလိုအပ်သည့် ပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ လုပ်ငန်း ရှင်များမှလည်း လိုအပ်သည့်အကူအညီများရှိပါက တင်ပြနိုင်ပါကြောင်း၊ ဟိုတယ်/ခရီးအနေ ဖြင့်လည်းဟိုတယ်၊ တည်းခိုရိပ်သာများအား ဝန်ဆောင်မှုကောင်းရန် မိုးရာသီကာလ ရောက်ရှိလာပြီ၍ ဟိုတယ်ဥပဓိရုပ်ကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ဒေသတစ်ခုအား ခရီးသွားများရောက်ရှိလာသည့်အခါမှာ စိတ်လန်းဆန်း ပျော်ရွှင်နိုင်ရန်၊ မြို့ရွာဒေသအလိုက် မြို့သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အား အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း ရောက်ရှိသည့်နေရာဒေသတိုင်းတွင် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရေး လမ်းညွှန်မှာကြားလေ့ရှိပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် MSMEs လုပ်ငန်းများအား အားပေးတာတွေကို အားလုံးသိရှိတွေ့မြင်ပြီးဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွာလုပ်ငန်း ကော်မတီဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များခရီးသွားနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၅/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက် မှု၊ခရီးသွားဒေသများဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်းဆက် သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးထံ HSP National Level အသိမှတ်ပြုလက်မှတ်များအား ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာအကျဉ်းထောင်ရှိ စုဝေးခန်းမ၌ တရားစီရင်ရေးဆိုင်ရာအဖွဲ့များ၊ အကျဉ်းထောင်ရှိ တာဝန်ရှိသူများအားတွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ မုံရွာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းလတ်က မုံရွာအကျဉ်းထောင်၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကားပြာကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတက်ရောက်လာသူ များက မုံရွာအကျဉ်းထောင်၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအပေါ် လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဘက်ဂျက်ဖြင့်ဆောင်ရွက်ပေးမည့် မုံရွာအကျဉ်းထောင်ရှိ အုပ်ချုပ်မှုအဆောက်အဦပြန် လည်ပြု ပြင်ရန်နှင့် မုံရွာမြို့၊ မြို့မရဲစခန်းအတွင်းရှိ အုပ်ချုပ်မှုအဆောက်အဦ တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)