ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နည်းပညာတက္ကသိုလ်(ဗန်းမော်)၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နည်းပညာတက္ကသိုလ်(ဗန်းမော်)၌ ပြုလုပ်





MNP ၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်သစ်တောဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၀ ရက် နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင် ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးရဲနိုင်ဦး ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဘုန်းမော်မိုး ၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဇေယျာကျော်၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်မော်ဦး တို့က ဌာနဆိုင်ရာတာဝန်ရှိသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ကာ တက်ရောက်လာသူများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၂၀၀)ပင် ၊ ပျဉ်းကတိုး(၂၅၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ပိတောက် (၁၀၀)ပင်၊ ယင်းမာ (၅၀)ပင်၊ ခရေ (၂၅၀)ပင်၊ ယမနေ (၁၅၀)ပင်၊ မယ်ဇယ် (၅၀)ပင်၊ ကညင် (၅၀)ပင် စုစုပေါင်းသစ်ပင်ပျိုးပင် (၁၂၀၀) စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)