အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောက်တံတားမြိုနယ်ရှိ အခွန်ဦးစီးမှူးရုံးဝန်းထမ်းများနှင့် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောက်တံတားမြိုနယ်ရှိ အခွန်ဦးစီးမှူးရုံးဝန်းထမ်းများနှင့် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ ဇွန်  ၅ 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာအခွန်ဌာန၊ အများပြည်သူ သံထိုင်ခုံများဘေးတွင် မသမာသူ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနမှ ဝန်ထမ်းများဖြစ်သည့် မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဉ္စန နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် မဆုနှင်းဦး၊ မချယ်ရီ တို့ ၆ ဦး မစိုးရိမ်ရ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မဖြိုးဖြိုးအောင်ပါ ၆ ဦးတို့ကို  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ပိုဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား နယ်မြေခံလုံခြုံရေးအဖွဲ့က လာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား လက်နက်၊ ငွေကြေး၊ ဖောက်ခွဲရေးပစ္စည်းများ ထောက်ပံ့ပေးပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား၍ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)