ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




MNP ၊    ဇွန်   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျွန်းစုမြို့မစခန်းမှူး ဒုရဲမှူး စံလှက မော်တော်ယာဉ် မောင်းနှင်သူများနှင့် လိုက်ပါစီးနှင်လာသူများ လိုက်နာရမည့် စည်းကမ်းများကို ပညာပေး ကာလအဖြစ် သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့် အချက်များအား ကွင်းဆင်း၍ ပညာပေးမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထက်မြင့်

 https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)