MNP ၊ ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ထန်းသီးရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ကျွန်တော်ကတော့ မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက် ကြည်တော်စုရပ်တွင် နေထိုင်သူဖြစ်ပြီး မိသားစု ဆယ်ရောက်ကို ဦးဆောင်နေတဲ့ အိမ်ထောင်ဦးစီး ဦဇော်ထွန်းဘဲဖြစ်ပါတယ် အလုပ်အကိုင်းကတောါ့ ကျဘမ်းအလုပ်သမားဘဲဖြစ်ပါတယ် ယခုနှစ်ရာသီ ထန်းသီးပေါ်ချိန်မှာတော့ ထန်းသီးရောင်းချခြင်ဖြင့် အပိုဝင်ငွေရရှိအောင်ဆောင်ရွက်လျှက်ရှိပါတယ် ထန်းသီးအသေးအကြီးရောရာ (၃)လုံးကို ငါးရာ ကျပ်နှုန်းဖြင့်ရောင်းချပါတယ် ထန်းသီးကတော့်ဝယ်စရာမလိုပါဘူး အခင်း၊ လယ်တော၊ လမ်းဘေးဝဲယာရှိ အပင်များမှ ထန်းသီးချိုင်ချပြီး ဆေးရုံးဘေးမှာ လာရောက်ရောင်းချခြင်းဖြစ်ပါတယ် လုပ်အား တော့စိုက်ရတာပေါ့ နေ့တိုင်းတော့ မရောင်းချနိုင်ပါဘူး ထန်းသီးချတဲ့ရက်က တစ်ရက်၊ ရောင်းတဲ့ ရက်ကတစ်ရက်ခွဲ ထားပါတယ်၊ တစ်ခါတလေ ထန်းသီးကုန်တဲ့ရက်ဆို သုံးသောင်း လောက်ရောင်းရပြီး မကုန်တဲ့ရက်ဆို နှစ်သောင်းလောက် ဘဲရပါတယ် ဟုပြောသည်။
ထန်းသီးဟာဆိုရင် ဆီးချိုး၊ သွေးတိုး၊ နှလုံးရောဂါသမားအတွေအတွက်လည်း စားသုံးလို့ရပါတယ် ထန်းသီးပေါ်ချိန်ကာလကလည်း နယုန်လကနေ ဝါဆိုလအထိရရှိပြီး ကျွန်တော်တို့ မြို့ကတော့ နွား၊ ကျွဲ တွေအတွက် အစာပေါတဲ့အတွက် မကျွေးကြပါဘူး၊ ထန်းရည် ချိန်၊ ထန်ရည်ရောင်း ၊ ထန်းသီပေါ်ချိန် ထန်းသီးရောင်းပါတယ် မြန်မာပြည်အလယ်ပိုင်းကလို ထန်လျှက်ချက်ပြီး ရောင်းစားလို့ရအောင်လည်း ထန်းပင်တွေက မများပါဘူးဟု ဦးဇော်ထွန်းကပြောသည်။
စည်သူဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment