ရွှေတောင် မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး





MNP ၊    ဇွန်   ၂၂

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းကအငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဥ် ( ၂၁)၊(၂၂) ရက်နေ့များတွင်ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ရွှေတောင် မြို့နယ်ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာအောင်မျိုးသန့်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး၊ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့နှင့် ( ၂၂) နေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် / တိုက်နယ်ဆေးရုံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းမျာား၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ပူးပေါင်း ကူညီ ဆောင်ရွက်ခဲ့ရာ အငြိမ်းစားဝန်ထမ်းများ ကျား ( ၂၆)ဦး မ( ၃၂) ဦး စုစုပေါင်း ( ၅၈) ဦးတို့အား ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)