မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


MNP ၊ ဇွန် ၆

မွန်ပြည်နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့အားကစားလောက ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည့် အားကစားစီမံခန့်ခွဲသူများပေါ်ထွက်လာစေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)အုပ်ချုပ်မှုရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမည့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှုအခြေအနေများအပေါ် မူတည်နေပါကြောင်း လူငယ်များကိုဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန်မှာ နိုင်ငံတော်မှအလေးထားဆောင်ရွက်ရမည့် အရေးကြီးဆုံးလုပ်ငန်းကဏ္ဍတစ်ရပ်လည်းဖြစ်ပါကြောင်း၊ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနှင့် ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ် (၂၅)ခု၊ ကြေးတံဆိပ် (၆၈)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၁၄)ခုရရှိကာ နိုင်ငံအလိုက် အဆင့်(၈)ရရှိခဲ့ပြီး မွန်ပြည်နယ်မှ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၄)ဆုကိုလည်းကောင်း၊ မွန်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၄)ခုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြတဲ့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)အနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း (၆)နည်း သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းတွေဖြစ်လာစေဖို့ နည်းပြဆရာများ၏လေ့ကျင့်သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြရန်နှင့် ပညာရည်ထူးချွန်ထက်မြက်သူများ ဖြစ်လာဖို့ကိုလည်း အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများရဲ့ သင်ကြားပေးမှုကို အပတ်တကုတ်ကြိုးစားသင်ကြားပြီး မောင်တို့မယ်တို့အားလုံး ကျန်းမာကြံ့ခိုင်၍ ပညာရည်ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးဦးနေမျိုးလွင်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အလှူငွေနှင့်ထောက်ပံပစ္စည်းများပေးခဲ့မှုအပေါ် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ကျောင်းဝင်းအတွင်းခင်ကျင်းပြသထားသော အားကစားပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)