ကျိုက်ထိုမြို့နယ် ၌ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုက်ထိုမြို့နယ် ၌ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲပြုလုပ်

168

169

170

171


MNP ၊    ဇွန်   ၅

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်  ဟောပြောပွဲ နှင့် စွမ်းရည်ပြိုင်ပွဲကို ဇွန်(၅)ရက် နေ့လယ် ( ၁ )နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန  ၌ကျင်းပ ပြုလုပ်ခဲ့သည်၊


    ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး  အကြောင်းကိုဟော‌ပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ကာ ထူးချွန်သူများအား လက်‌ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့သည်။


     ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး နံရံကပ်စာစာင်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages