Pages

Pages

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း



MNP ၊    ဇွန်   ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဝါမျိုးစေ့ဖူလုံပိုလျှံစေရေးနှင် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးကြိုမိုးနှင့် မိုးနှောင်းဝါများစိုက်ပျိုး ထားရှိရာမှိုင်းပန်ကျေးရွာ ကွင်းအမှတ်(၂၂၅-ဃ)၊ ဦးပိုင်အမှတ်(၃၁) တောင်သူဦးမောင်အေး စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


မှိုင်းပန်ကျေးရွာတွင် ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများကို တောင်သူဦးမောင်အေးမှ(၂၀)ဧက၊ တောင်သူ ဒေါ်တင်မိုးခိုင်မှ (၂၀)ဧက၊ တောင်သူဦးအောင်မြင့်မှ(၂)ဧက၊ တောင်သူဦးအုန်းမောင်မှ(၅)ဧက၊ တောင်သူဦးသက်နိုင်ဝင်းမှ(၅)ဧက၊ တောင်သူဦးဇော်ဌေးမှ(၅)ဧက၊ စုစုပေါင်း(၅၇)ဧကစိုက်ပျိုးထားကြောင်းနှင့် ဝါသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေး ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ မြေပြုပြင်ခြင်း၊ မျိုးစေ့ရွေးချယ်ခြင်း၊ စိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ ဝါကောက်သိမ်းခြင်း၊ နည်းစနစ်များကို နည်းစနစ်တကျ ကျေးရွာများကွင်းဆင်းပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်တင်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment