Pages

Pages

တောင်ဥက္ကလာပမြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်ပေး


MNP ၊    ဇွန်   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်းအား ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီမှစ၍ အမှတ်(၇)ရပ်ကွက် သုဒဿီဓမ္မာရုံတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ကုသပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေး‌အေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါများ ရှာဖွေကုသပေးခြင်း၊ ရပ်ကွက်များအတွင်းတီဘီရောဂါခံစားနေရသည့် ပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးကုသပေးခြင်းတို့ကို ခေတ်မီဓာတ်မှန် စက်ကြီးများဖြင့်ရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက ကုသပေးခြင်း၊ အခြားသောအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆေးကုသပေးခြင်းကို ကျန်ရှိသောရပ်ကွက်များအား စုရပ်အလိုက် ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment