MNP ၊ ဇွန် ၂၂
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၂၂ ရက် နံနက် ၇ နာရီခွဲက ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းဝင်းစိုပြေသာယာလှပရေးအတွက် အရိပ်ရအပင်များ စိုက်ပျိုးပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန် တို့က တက်ရောက်လာကြသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါကျောင်းဝင်းအတွင်း ကျွန်း (၅၀)ပင် ၊ မဟော်ဂနီ (၂၀)ပင် ၊ ပျဉ်းကတိုး (၃၀)ပင် ၊ ခရေ (၁၁)ပင်၊ စိန်ပန်း (၁၀)ပင် စုစုပေါင်းပျိုးပင် (၁၂၁)ပင် စိုက်ပျိုးခဲ့ကြပြီး ဖိတ်ကြားထားသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment