MNP ၊ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့နယ်တွင် ၊ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်(၇)နာရီခွဲ အချိန်က အ-မ-က ခမောင်းခြေတိုင် ကျောင်းဝန်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ၊ မြို့နယ်ဦးစီးမှုး ဦးမင်းထက်အောင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာများထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မန်ဂျန်ရှားပင်(၅၀၀)၊ သင်းဂနက်ပင်(၁၀၀)၊စိန်ပန်းပင်(၂၀၀)၊ ခရေပင်(၁၀၀)၊ မြန်မာကုဣပင်(၁၀၀)၊စုစုပေါင်းပျိုးပင် (၁၀၀၀)တို့ကိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မှသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment