Pages

Pages

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး






MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် မွန်းတည့်(၁၂)နာရီက ဆိုက်ခေါင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းရှိ စက်ချုပ်သင်တန်းဆောင်၊ အမျိုးသမီး(၂)ထပ် အိပ်ဆောင်နှင့် စက်ချုပ်ပစ္စည်းထားရှိသည့်အဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဆီဆိုင်မြို့နယ် ကျောင်းချယ်ကျေးရွာရှိ ထုတ်ကုန်ဖြန့်ချီမည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းဖြစ်သည့် နာနတ်သီးစည်သွတ် စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းအား သွားရောက်ကြည့်ရှုရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ နာနတ်သီးစိုက်ပျိုးသည့် မြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်၍ ကွန်ပျူတာတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးစကား ပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment