မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ



MNP ၊    ဇွန်   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက စာဖတ်ဝိုင်းပြုလုပ်ကျင်းပသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာအောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင်ပြည်သူများအချင်းချင်း မိတ်ဆက်ခဲ့ကြသည်။


ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ”အကြောင်း၊ Woman Club ဥက္ကဋ္ဌ ဒေါ်နန်းဘွန်းပန်က “ဖတ်ဖို့ကျင့်ဖို့”အကြောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က “စာတတ်ဖို့ စာဖတ်ဖို့”အကြောင်း၊ Book Club အဖွဲ့ဝင် ဦးရဲရင့်အောင်က “ခွန်အားစွမ်းပကားကြီးသောသူ”အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “လိမ္မာရေးခြားဆိုစကား”အကြောင်းနှင့် Youth Club အတွင်းရေးမှူး ဦးအောင်ဆန်းဦးက “လူငယ်နှင့်သည်းခံမှု”အကြောင်းကို ဖတ်ကြားခဲ့ကြသည်။


ယင်းနောက် မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာနှင့်ရရှိလာသော အသိပညာဗဟုသုတများ၊ စိတ်ခွန်အားများ၊ အသိအမြင်များနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)