တောင်ကုတ်မြို့နယ်၌ နိကာယ်စာမေးပွဲကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ နိကာယ်စာမေးပွဲကျင်းပလျက်ရှိ






MNP ၊ မေ  ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကနှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိ ကြောင်းသိရ သည်။


ထိုသို့ဖြေဆိုလျက်ရှိရာတွင် ပါရာဇိကပါဠိဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ သံဃာ(၂၉)ပါးအနက် (၁၈)ပါးကည်းကောင်း ၊ ဧကက မှ စတုတ္ထနိပါတ ပါဠိဘာသာရပ်တွင် ဖြေဆိုသံဃာ(၁)ပါးကလည်းကောင်း ၊ ဓမ္မသင်္ဂဏီ ပါဠိ ဘသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ သံဃာ(၄)ပါးအနက်(၄)ပါးဖြေဆိုခဲ့ပြီး စာဖြေသံဃာတော် များအဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆွမ်းဘောဇဉ်များကို လှူဒါန်းလျက် ရှိသည်။


နိကာယ်စာမေးပွဲသည် မြတ်ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲရန်အတွက် ပရိယတ် ၊ ပဋိပတ် ၊ ပဋိဝေဒ ဆိုသည့် သာသနာတော်သုံးရပ်ကို မကွယ်မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မြတ်ဗုဒ္ဓ၏ ပညတ်တော် ဩဝါဒစာပေများကို သံဃာတော်များမှ ဖြေဆိုနေခြင်းဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)