ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၆၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၆၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး




MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၆၅၆)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  သိရသည်။


ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်းရန်ပုံငွေ (၅)ယူနစ်ကို လိပ်တက်၊ ကင်းရွာ၊ ညောင်ပင်၊ ဆူးဖြူကန်နှင့် ခြ​​င်္သေ့လက်ကျေးရွာတို့မှ (၅)ယူနစ်အတွက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍ အဆိုပါ ကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်း တို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့သည်။


ယင်းသို့ ထုတ်ချေးပေးရာတွင် ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၁၆ ဦးအတွက် ထုတ်ချေးငွေ ၁၁၀.၀၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၁၁ ဦး အတွက် ထုတ်ချေးငွေ ၁၄၀.၇၅သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအတွက် ထုတ်ချေးငွေ ၄.၈သန်းနှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၁၇ဦးအတွက် ထုတ်ချေးငွေ ၅.၆သန်းတို့ကို အသီးသီး ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)