Pages

Pages

အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာတွင် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ


MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ ကွင်းအမှတ်(၇၅၈)၊ ဦးပိုင်အမှတ်-၂၄၃ ရှိ တောင်သူ ဒေါ်ဝင်း၏ လယ်ယာမြေ(၄)ဧကတွင် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိများက လယ်ယာမြေအတွင်း ပိုက်ဆံလျော်ပင်များ ထယ်ထိုးထည့်သွင်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က တက်ရောက်လာသူများအား ပိုက်ဆံလျော်ထည့်သွင်းခြင်းမှ ရရှိသော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်နှင့် ဝန်ထမ်းများ၊ ရွှေတောင်စုကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။


မန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment