မတ္တရာမြို့နယ်၌ ၃၈ဖြာ မင်္ဂလာစာအောင် ဂုဏ်ပြုဆုနှင်းသဘင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ၃၈ဖြာ မင်္ဂလာစာအောင် ဂုဏ်ပြုဆုနှင်းသဘင်ကျင်းပ




MNP ၊    ဇွန်   ၂၆

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး ကျင်းပသော ၇၃ ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာ စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ရိုးရိုးအောင် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုနှင်းသဘင်ကို ဇွန်လ ၂၅ ရက် မွန်းလွဲ ၁နာရီက အောင်မြေသုခ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျောက်တံတားရေနားကျောင်း ဆရာတော်ဘုရားမှ ဩဝါဒကထာများ ချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ဇော်နိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ အောင်မြေသုခကျောင်းတိုက် ဆရာတော်မှ သမ္ဘောဒနိယကထာ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အသင်းသို့ အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ၇၃ ကြိမ်မြောက် ၃၈ဖြာမင်္ဂလာ စာမေးပွဲတွင် ဆုရရှိသူများအား ကြွရောက်လာသော ဆရာတော်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ ဆုချီးမြှင့်ပွဲ၌ ပထမအဆင့် ဗဟိုဆုရ (၂) ဦး၊ မြို့နယ်ဂုဏ်ပြုအဆင့် (၄) ဦး၊ အထူး အောင် (၄၇) ဦး၊ ရိုးရိုးအောင် (၉၄) ဦးနှင့် ဒုတိယအဆင့်ဗဟိုဆုရ (၁) ဦး၊ မြို့နယ်ဂုဏ်ပြုအဆင့် (၁၃) ဦး၊ အထူးအောင် (၃၄) ဦး၊ ရိုးရိုးအောင် (၅၄) ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စိုးကျော်သူထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)