MNP ၊ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာ ပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ဝသဲရပ်ကွက် ၊အ.မ.က (မူလွန်)ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးခိုင်ထက်ဖြိုး က "ရေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ" အကြောင်းကို ဟောပြောရာတွင် စက်ရုံ များမှ ထုတ်လွင့်သော စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ စွန့်ပစ်ပလပ်စတစ် ပစ္စည်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ မိလ္လာအညစ်အကြေးများစွန့်ပစ်ခြင်းကြောင့် ရေထု ညစ်ညမ်းခြင်း၊သတ္တုတူးဖော်ခြင်းလုပ်ငန်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ ဓာတ်မြေဩဇာ များနှင့် ပိုးသတ်ဆေးများဖြန်းပက်ခြင်းမှရေစီးနှင့်အတူ ဓာတုပစ္စည်းများရေထဲသို့စီးဆင်း ခြင်းကြောင့် ရေထုညစ်ညမ်းခြင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၇၂) ဦးခန့်တက်ရောက် ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment