Pages

Pages

အ.ထ.က-ပေါက်တောကျောင်း၌ မူးယစ်ဆေးဝါးအကြောင်းနှင့် လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲပြုလုပ်





MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က-ပေါက်တောကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။


      ‌‌ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ကိုကိုက မူးယစ်‌‌ဆေးဝါးအမျိုးအစားများနှင့် ၎င်းတို့၏အမျိုးအမည်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်  ဖြစ်ပေါ် လာမည့်ဆိုးကျိုးများ၊  မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်‌‌‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေဖြင့် ကန့်သတ်ထားသော‌ ဆေးဝါးများ စသည့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို အသိပညာပေးဟောပြောသည်။ ထို့နောက် ပေါက်တောမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သာမောင်အေးက လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများ ၊လူကုန်ကူးဖြစ်စဥ်များနှင့်မြန်မာနိုင်ငံအတွင်း အသက်အရွယ်အလိုက် လူကုန်ကူးခံနေရမှုများနှင့်သိမှတ်ဖွယ်ရာများလူကုန်ကူးခြင်းကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်းအေး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးချစ်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့များ၊  အ.ထ.က-ပေါက်တောကျောင်းမှ  ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost 





No comments:

Post a Comment