Pages

Pages

မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအတွက် ဖြန့်ချီမည့် စူပါနှံကောက်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိ




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဘေးသင့် တောင်သူများအတွက် ဖြန့်ချီမည့် စူပါနှံကောက်မျိုးစပါးများ ယနေ့၊ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော် မော်တော် ယာဉ်များဖြင့် သယ်ယူရောက်ရှိလာရာ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


အဆိုပါမျိုးစပါးများကို တပ်မတော်မှ နယ်မြေခံလူခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မော်တော် ယာဉ်ပေါ်မှ စူပါနှံကောက် မျိုးစပါး အိတ်(၆၆၇)ကို ထမ်းပိုးကူညီဆောင်ရွက်ပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူ များလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မုန်တိုင်းဘေးဒဏ်သင့်တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁)အုပ်စုသို့ စူပါနှံကောက်မျိုးစပါး(၄၇၅) အိတ်(စပါးတင်း ၇၁၃)တင်းကို ချက်ချင်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်ထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment