ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ပညာသင်ကြားနေမှုများ အားလှည်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ပညာသင်ကြားနေမှုများ အားလှည်လည်ကြည့်ရှု




MNP ၊ မေ  ၁

လေဘေးသင့်ဒေသများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန် ရှိသူများသည် ယနေ့နံနက် ၁၀၀၀ နာရီက အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းအပ်နှံမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


ရှေးဦးစွာ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာကျောင်း၊ အမှတ်(၂)အခြေခံပညာကျောင်းရှိ စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေးအထက်တန်းကျောင်းနှင့် အထက(ငပလီ)ကျောင်းများသို့သွားရောက်ပြီး ကျောင်းလာအပ်ကြသည့် မိဘများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် စာသင်ခန်းများသို့ လှည့်လည် ကြည့်ရှု၍ ကျောင်းသားကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများနှင့် ကျောင်းသားဦးရေနှင့် စာသင်ခန်းများ လုံလောက်မှုရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ယခင်နှစ်ထက် အတန်းအလိုက် ကျောင်းသားအပ်နှံမှု ပိုမိုလာကြောင်းနှင့် ဆက်လက်၍လည်း ကျောင်းအပ်နှံမှုများရှိကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်စိုးနိုင်ဦးမှ  ကျောင်းသန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး တို့အတွက် အပတ်စဉ်သန့်ရှင်းရေးများ ဆောင်ရွက်ကြရန် အကြံပြုမှာကြားခဲ့ကြောင်း သိရှိရပါသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)