ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်မုန်တိုင်း မိုခါ ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ပေါက်တောမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်မုန်တိုင်း မိုခါ ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ပေါက်တောမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ









MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်မုန်တိုင်း မိုခါ ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ပေါက်တောမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။


ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်အဖွဲ့မှ တာဝန်ရှိသူ နဲ့ ဒေသခံပြည်သူများ၏ ရင်တွင်း စကားသံများကို ယခုလို တွေ့ဆုံမေးမြန်ဖော်ပြလိုက်ပါတယ်-


ဒေါက်တာ သက်လွင်မင်းနဲ့တွေ့ ဆုံမေးမြန်းခြင်း 


မေး။ ဆရာနာမည်နဲ့ ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာရှင့်။


ဖြေ။ ကျွန်တော်နာမည်က ဒေါက်တာ သက်လွင်မင်းပါ ၊ ကျွန်တော်က မွန်ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်(တီဘီ/အနာကြီး) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကနေ လာတာ ဖြစ်ပါတယ်ခင်ဗျာ။


မေး။ ဆရာတို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ယခုလို ကွင်းဆင်းကျန်းမာရေး စောင့်ရှောက် ပေးခြင်းရည်ရွယ်ချက်ကို သိပါရစေရှင့်။


ဖြေ။ ရခိုင်မှာ မိုခါမုန်တိုင်း ဝင်ပြီးနောက်မှာ ရခိုင်ပြည်သူလူထုအနေနဲ့ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့အတွက် မြန်မာတစ်နိုင်ငံလုံးက ဆရာဝန်အဖွဲ့တွေလာရောက်ခြင်း ရည်ရွယ်ချက်ဖြစ်ပါတယ်။


မေး။ ဆရာတို့ကွင်းဆင်းကျန်းမာရေး အဖွဲ့အနေနဲ့ ဘယ်နေ့ကစတင်ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ခဲ့ပါသလဲရှင့်။


ဖြေ။ ကျွန်တော်တို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး အစီစဉ်နဲ့ ပေါက်တောမြို့သို့ ဇွန်လ(၁၆)ရက်နေ့ကစတင်ရောက်ရှိပြီး မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများသို့ ကွင်းဆင်းပြီးတော့ ဒေသခံပြည် သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျှက်ရှိပါတယ်။


 မေး။ ဆရာတို့ထံ ဆေးကုသခံယူကြတဲ့အထဲမှာ ဘယ်ရောဂါတွေ အဖြစ်များဆုံး ပါလဲရှင့်


ဖြေ။ ကျွန်တော်ကတော့ အပိုင်း (၂) ပိုင်းပေါ့ ကူးစက်ရောဂါ နှင့် မကူးစက်ရောဂါပေါ့ ကူးစက်တဲ့ရောဂါမှာတော့ နှာစေး၊ ချောင်းဆိုး၊ အဖျားပေါ့ မကူးစက်တဲ့ရောဂါမှာတော့ သွေးတိုးရောဂါ၊ဆီးချိုရောဂါအတွေ့များတယ်။


 မေး။ ဆေးလာရောက်ကုသတဲ့လူနာတွေထဲမှာ အရေးပေါ်လူနာတွေနဲ့ကြုံတွေ့ခဲ့ရင် ဘယ်လိုမျိုး ကုသပေးဖို့စီစဉ်ဆောင်ရွက်ထားရှိပါသလဲရှင့်


ဖြေ။ ကျွန်တော်တို့ဆီ ဆေးကုသတဲ့လူနာတွေထဲမှာ အရေးပေါ်လူနာတွေတော့မကြုံရသေး ဘူးတကယ်လို့ကြုံတွေ့ခဲ့ရင် ရှေ့ဦးသူနာပြု ပြုစုနည်းနဲ့ ပေါက်တော မြို့ပြည်သူ့ဆေးရုံသို့ ယူဆောင်ပြီး လူနာတွေကို ပေါက်တောမြို့နယ် ဆရာဝန်ကြီးထံလွှဲပေးမှာဖြစ်ပါတယ်။


မေး။ ပြည်သူတွေကို ကွင်းဆင်းကျန်းမာရေးစောင့်ရှောက် ပေးတဲ့အတွက် ဆရာရဲ့ ရင်တွင်းခံစားချက်ကို သိပါရစေရှင့်


ဖြေ။ လက်ရှိ ရခိုင်မှာ မိုခါမုန်တိုင်းက အခြေအနေဆိုးဆိုးကြီးကို ဝင်ခဲ့တာပေါ့ ရခိုင်ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ပေါ့ ကျန်းမာရေး နဲ့ပတ်သက်ရင် လိုအပ်ချက်တွေ ၊ မုန်တိုင်းပြီးသွားရင် တစ်လတိုင်အောင် လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်၊ အခုလိုမျိုး လိုအပ်နေတဲ့ပြည်သူ တွေ့ရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်ခင်ဗျာ။


မေး။ ပထမဆုံး အနေဖြင့် နာမည်နဲ့ရာထူးတာဝန်ကို မိတ်ဆက်ပေးပါ ဆရာမကြီးရှင့်။


ဖြေ။ ကျွန်မနာမည်ကတော့ ဒေါ်စံလှဝင်းဖြစ်ပါတယ်၊ အထက(ပေါက်တော) ကျောင်းအုပ်ကြီး တာဝန်ကို ထမ်းဆောင်နေပါတယ်။


မေး။ ဆရာမကြီးတို့ကျောင်းမှာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် ဝမ်းသာစကားပြောကြားပေးပါရှင့်။


ဖြေ။ အခုလို ကျွန်မတို့ ကျောင်းကိုလာပြီး ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် အလွန်လည်းဝမ်းသာပါတယ်။ အခုလို ဆရာဝန်တွေ စုံစုံလင်လင်နဲ့လာပြီး ကျန်းမာရေးစောင့်ရှောက် ပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ကျန်းမာရေး အဆင်ပြေကြတဲ့အတွက် ဝမ်းသာပါတယ်။


မေး။ အခုလိုဆရာမကြီးကျောင်းကို ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်စကားနဲ့ ကွင်းဆင်းကျန်းမာရေးဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးသူတွေကို ကျေးဇူးတင်စကား ပြောကြားပေးပါရှင့်။


ဖြေ။ အခုလိုလာပြီး စေတနာ ပါပါနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တခြားကျောင်းတွေ၊ ကျေးရွာတွေကိုကွင်းဆင်းပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေသလို ကျွန်မတို့ ကျောင်းကိုလည်း အခုလိုလာပြီး ကျန်းမာရေးစောင့်ရှောက်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။အခုလို ကွင်းဆင်းကျန်းမာရေးအဖွဲ့ဖြစ်ပေါ်လာအောင် ပံ့ပိုးကူညီလမ်းညွှန်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲကိုလည်း အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။


မေး။ ဆရာနာမည်နဲ့ ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာရှင့်။


ဖြေ။ ကျွန်တော်နာမည်ကတော့ ဦးမောင်ဝင်းစိုးပါ၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ (တာဝန်ခံ)ဖြစ်ပါတယ်။


မေး။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်ပေးခြင်းမှာ ဆရာတို့ ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ လုပ်အားဒါန ကူညီဆောင်ရွက်ပေးခြင်းကို သိပါရစေရှင့်။


ဖြေ။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ပြီးနောက် သွားရေးလာရေး ခက်ခဲ့တဲ့ ကျွန်တော်တို့ ဒေသတွေကို တကူးတက လာရောက်ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လုပ်အားဒါနကို ရှိတဲ့ လူအင်အားနဲ့ ကူညီဆောင်ရွက်ပေးရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။


မေး။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်ပေးခြင်း အစီအစဉ်အား ဆရာအနေဖြင့် ဘယ်လိုပြောချင်ပါလဲရှင့်။


ဖြေ။ အလွန်ကောင်းတဲ့ အစီအစဉ်လို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ပြီးနောက် သွားလာရခက်ခဲ့တဲ့ ဒေသရဲ့ တောသူတောင်သား လယ်သမား မပြည့်စုံတဲ့သူတွေအတွက်      မြို့ကိုတက်ပြီးဆေးကုသဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ အခုလို စီစဉ်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။


မေး။ ဆရာအနေဖြင့် ဒေသခံတွေကိုယ်စား ကျေးဇူးတင်စကားပြောကြားပေးပါရှင့်။


ဖြေ။ အခုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာြပီး ကျန်းမာရေးအဆင်ပြေအောင် လုပ်ပေးတဲ့အတွက် အလွန်ကို ကျေနပ်မိပါတယ်။ ဒေသခံတွေကိုယ်စား ကျေးဇူးလည်းတင်ပါတယ်။


မေး။ သားရဲ့နာမည် ၊ ကျောင်းနဲ့အတန်းကို ပထမဆုံးမိတ်ဆက်ပေးပါ။


ဖြေ။ သားနာမည်ကတို့ မောင်ဘုန်းဟိန်းထက်ဖြစ်ပါတယ်။ အထက(ပေါက်တော)Grade-4 မှာပညာသင်ကြားနေပါတယ်။


မေး။ သားကဘယ်မြို့ကလဲ၊ဘာရောဂါကိုပြဒါလဲ။


ဖြေ။ သားကတို့ ပေါက်တောမြို့၊အမှတ်(၃)ရပ်ကွက်ကဖြစ်ပါတယ်။သွားကိုက်လို့ ပြသတာဖြစ်ပါတယ်။


မေး။ အခုလို သားတို့ကျောင်းမှာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် အဆင်ပြေရဲ့လား။


ဖြေ။ အကုန်လုံး အဆင်ပြေပါတယ်။ စစ်တွေကိုသွားပြီး ဆေးခန်းပြမယ်ဆိုရင် ကျောင်းစာ တွေလဲနောက်ကျသွားပါတယ်။ လမ်းခရီးကလည်းမကောင်းပါဘူး။တချို့ လူနာတွေဆိုရင် ဆေးကုသမယ့် စရိတ်ကို စက်လှေ၊ ကားငှားရမ်းနဲ့ပဲ ပိုက်ဆံတွေကုန်သွားပါတယ်။


မေး။ သားအနေဖြင့် အခုလို ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကို ကျေးဇူးတင်စကားပြောကြားပေးပါ။


ဖြေ။ သားတို့ကျောင်းမှာ အခုလို ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်အဖွဲ့က ဆရာဝန်တွေ၊ ကျန်မာရေးဝန်ထမ်းတွေလာပြီး ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော်တို့ စိတ်ထဲမှာ အများကြီး ဝမ်းပန်းတသာဖြစ်ပါတယ်။နောင်လည်းလာရောက်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။


တွေ့ဆုံမေးမြန်း-တင်တင်စိန်၊ဝင်းမင်းစိုး - ဓာတ်ပုံ ၊ ကျော်သန်း


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)