Pages

Pages

ရမ်းဗြဲမြို့တွင် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ





MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင်  ၂၀၂၃ ခုနှစ်၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ရမ်းဗြဲမြို့နယ် လုပ်ငန်းရှင်များ ပူးပေါင်းကျင်းပသော အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ယနေ့၊ညနေ(၃)နာရီအချိန်က ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ 


အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်တင်မှ အဖွင့်အမှာစကား ပြောကြားသည်။ အဖွင့်ပွဲစဉ်အနေနှင့် ရမ်းဗြဲမြို့နယ် ဌာနဆိုင်ရာအသင်းနှင့် ရမ်းဗြဲမြို့နယ် လုပ်ငန်းရှင်များအသင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်း(၁၅)သင်းရှိပြီး၊ ပထမဆု(၇)သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၃)သိန်း၊  အသင်းလိုက်အသန့်ရှင်းဆုံးဆု၊  တစ်ဦးချင်းအကောင်းဆုံးဆုများကို အသီးသီးချီးမြှင့်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


 အောင်တင်ကြည်

 https://t.me/MyanmarNationalPost







No comments:

Post a Comment