Pages

Pages

ဆင်ဘိုမြို့၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ




MNP ၊    ဇွန်   ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ‌ရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ စာအုပ် စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။


စာဖတ်ဝိုင်းတွင် ဆင်ဘိုမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦးတို့က ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှု မှတ်သားခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment