MNP ၊ ဇွန် ၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ်အတွင်း မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အခြေခံစားသောက်ကုန် ကုန်စုံ ဆိုင်များ၊ ဆန်ဆိုင်များတွင် ဈေး နှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းရပ်ကွက်ရှိ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးကြသည်။
မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များရှိ ဆိုင်ပိုင်များနှင့် တာဝန်ရှိသူများအား မိမိတို့မြို့နယ်အတွင်း အခြေခံစား သောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ၌ မုန်တိုင်းအန္တရာယ်ကို အကြောင်းပြုကာ အခြေခံစား သောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး၊ စားသုံးဆီများ စားသုံးဖွယ်ရာများတွင် မသန့်ရှင်းသည့် ကုန်ပစ္စည်းများ ရောနှောရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ဆေးဝါးပစ္စည်းများ ရောင်းချမှုမရှိစေရေးစစ်ဆေးကြပ်မတ်ဆောင်ရွက်ကြကြောင်းသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment