Pages

Pages

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပခြင်းမှာကျောင်းသားကျောင်းသူများ ကိုယ်လက် ကြံ့ခိုင်ကျန်းမာပြီး ဉာဏ်ပညာရည်ထက်မြက်စေဖို့ ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်စွာအနိုင်ရှိသူ  အားကစားသမားများအနေဖြင့် တက္ကသိုလ်ဇုန်အလိုက် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုမှတဆင့် နိုင်ငံကိုယ်စားပြုအားကစားပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း၊ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရေးတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်လာနိုင်မှာဖြစ်ကြောင်း  စသည်ဖြင့်  ပါမောက္ခချုပ်က ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ အဆိုပါစားပွဲတင် တင်းနစ်ပြိုင်ပွဲအား ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမိုးမိုးပြုံးတို့က စားပွဲတင် တင်းနစ်ကစားပြီး ဖွင့်လှစ်ပေးသည်။ အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဘူမိဗေဒ၊ သတ္တဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သမိုင်း၊ သင်္ချာနှင့် ရူပဗေဒ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ၎င်းစားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ချမ်းသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment