MNP ၊ ဇွန် ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီကမြို့နယ်အတွင်းရှိ စုရပ်များ၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်(ထပ်ဆောင်း) ကာကွယ်ဆေး Booster ဆေးထိုးနှံပေးရာ ပဉ္မမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၄၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါကနာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment