ဗိုလ်မှူးချုပ် ဆန်နီအုန်းသည်ပေါက်တောမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ထောက်ပ့ံပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ် ဆန်နီအုန်းသည်ပေါက်တောမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ထောက်ပ့ံပစ္စည်းများပေးအပ်


MNP ၊    ဇွန်   ၁၅

အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှု ကြောင့် ပေါက်တောမြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်းသည် ယ​ေန့ နံနက်ပိုင်းတွင် ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


ဦးစွာ ဗိုလ်မှူးချုပ်ဆန်နီအုန်းကမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိမိတို့ကျေးရွာများတွင် ပညာရေး၊ကျန်းမာရေး၊သာသနိက အဆောက်အအုံများ၊ဆေးရုံဆေးခန်းများဆောက်လုပ်ပြီးစီးမှု၊ဆောက်လုပ်ဆဲအခြေအနေ၊ဘေးသင့်သူအိမ်ထောင်စုစာရင်းကို(A)အဆင်ပြေချမ်းသာ၊(B)အသင့်အတင့်ရှိသူ၊(C)မိသားစုများဆင်းရဲ အဆင့်သတ်မှတ်၍ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်းပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး  မိုခါ မုန်တိုင်း တိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ဆောက်လုပ်ဆဲအခြေအနေ နှင့် မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်နိုင်မှုများတင်ပြသည်။


ယင်းနောက် ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်း များကလည်းမုန်တိုင်​​း​ကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပြီးစီးမှုအခြေအား ရှင်းလင်းတင်ပြရာ တင်ပြချက ်များ နှင့် စပ်လျဉ်း၍  လိုအပ်သည်များကို ဗိုလ်မှူးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ဗိုလ်မှူးချုပ် ဆန်နီအုန်နှင့် တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာအုပ်စု ၅၈ အုပ်စုအတွက် ခေါက်ဆွဲခြောက်၊သွားတိုက်တံ၊သွားတိုက်ဆေး နှင့် တာပေါ်လင်များကို ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများအား ပေးအပ်ကြောင်းသိရသည်


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)