ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင် ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင် ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်







MNP ၊ ဇွန် ၁၀

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၅ဦး ၊ အမျိုးသမီး၄၈ဦး ၊စုစုပေါင်း ၁၇၃ဦး အား ၉-၆-၂၀၂၃ ရက်နေ့က ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချိုနှင့် အဖွဲဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားပြီး ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများပါဝင်လာခြင်း ရှိ/မရှိ ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးလက် ခံခဲ့သည်။


အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီးနောက် ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသည့်သူများအား မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)