လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲ ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲ ကျင်းပပြီးစီး



MNP ၊    ဇွန်   ၆

၂၀၂၃ ခုနှစ်၊ နိကာယ်စာမေးပွဲကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ့ဗိမာန်တွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။


နိကာယ်စာမေးပွဲကို မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။


နိကာယ်စာမေးပွဲ ကျင်းပသည့်နေ့များတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


လားရှိုးမြို့တွင် ကျင်းပသည့် နိကာယ်စာမေးပွဲကို ပဥ္စမနေ့တွင် သံဃာတော်နှင့် သီလရှင် (၁၄၀)ပါး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)