Pages

Pages

ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်






MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကို သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆)၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြိန်းစေ့ကေကျေးရွာအုပ်စုရှိ အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေ ရောဂါကုသမှုဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ပြိန်းစေ့ကေကျေးရွာအုပ်စုရှိ အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲခန်းမ၌ အဆိုပါရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို  ဆေးကုသမှုအခက်အခဲမရှိစေရေး ကျန်းမာရေး စောင့်လျောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့်ဆေးဝါးများနှင့် ဆေးကုသပေးမှုများအား (အခမဲ့) ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။



တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment