Pages

Pages

မြိုင်မြို့တွင် ပလတ်စတစ်လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်









MNP ၊    ဇွန်   ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲတို့ပူးပေါင်း၍ ပလတ်စတစ် လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် ယမန်နေ့ နံနက် ၈ နာရီအချိန်က စည်ပင်သာယာ မြို့မဈေးနှင့် ပျံကျဈေးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်မွန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဟန်မြင့်နှင့် ဝန်ထမ်းများက ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှု ကြောင့်ဖြစ်ပွားနိုင်သော ရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုအား ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်လျော့ကျသောပတ်ဝန်းကျင် ဖြစ်စေဖို့အတွက် အချက် ၉ ချက်၊ ပလတ်စတစ်စွန့်ပစ် မှုနှင့် စွန့်ပစ်သည့်နည်းလမ်းများ ပါရှိသည့် ပလတ်စတ်အိတ်/ကြွပ်ကြွပ်အိတ် မသုံးစွဲရေး အသိပညာ ပေး လက်ကမ်းစာစောင်များကို စည်ပင်သာယာမြို့မ ဈေးနှင့် ပျံကျဈေးတို့တွင် ဖြန့်ဝေခဲ့ကြသည်။ ထို့နောက် ပလတ်စတစ်အသုံးပြုမှု လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်၊ ပလတ်စတစ်အိတ်/ ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချ၍ စက္ကူအိတ်၊ အင်ဖက် တို့ကို အစားထိုး အသုံးပြုကြရန် ဈေးရောင်း၊ ဈေးဝယ်များအား အသိပညာပေး ပြောကြားခဲ့ပြီး အဆိုပါ အသိညာပေးလုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။


မယ်ခွေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment