MNP ၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ "ပုံစံသစ်" လက်ဖက်ရည်ဆိုင်အတွင်း၌ မသင်္ကာဖွယ်သူ ၃ ဦးအား စစ်ဆေးခဲ့ရာ ငြိမ်းထက်အောင် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း အတွင်းမှ ဆေးခြောက် ဘလောက်တုံး မှတ်တမ်းဓါတ်ပုံများ၊ ဆေးခြောက်အရိုး၊ အစေ့၊ အရွက်ခြောက်မှတ်တမ်းဓာတ်ပုံများ၊ ဆေးခြောက်ပင် စိုက်ပျိုးထားသော မှတ်တမ်း ဓာတ်ပုံများအား တွေ့ရှိသဖြင့် ၎င်းတရားခံ ၃ ဦးအား ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။
ငြိမ်းထက်အောင် ၏ နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအိပ်ခန်းတွင်းရှိ ပလစ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဆေးခြောက်ဗဘောက်တုံး အလေးချိန် ၂၀၀ ဂရမ်ခန့်၊ ဆေးခြောက်အရိုးစေ့ ၊ အရွက်ခြောက် ၁၀၀ ဂရမ်ခန့်၊ စုစုပေါင်း ၃၀၀ ဂရမ်ခန့်၊ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည့် ငွေစက္ကူရောရာ ၁၉၀,၀၀၀ ကျပ်၊ ဆေးခြောက်ကြိတ်သည့် သံကြိတ်ဆုံ ၁ လုံး၊ ဆေးခြောက်ရောင်းချရာတွင် အသုံးပြုသည့် ပလပ်စတစ်အိတ်အခွံ ၅၀ ခုခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ ဆေးခြောက်ရောင်းချသူ ငြိမ်ချမ်းထက်အောင်နှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ ထွန်းမြတ်သူနှင့် သန့်ဇင်လင်း တို့အား ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment