အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်နိုင်ငံ ဝင်ရောက်လက်မှတ်ထိုးသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ် ဂျကာတာဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်နိုင်ငံ ဝင်ရောက်လက်မှတ်ထိုးသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ် ဂျကာတာဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြား




MNP ၊ ဇွန် ၂၃

အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝင်ရောက်လက်မှတ်ရေးထိုးသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၂-၆-၂၀၂၃ ရက်တွင် ဂျကာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် ဂျကာတာဆွေးနွေးပွဲသို့ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးအောင်မျိုးမြင့်မှ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။


ဂျကာတာဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ တရုတ်အဖွဲ့ရုံးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒရေးရာ အသိုက်အဝန်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ဂျကာတာဆွေးနွေးပွဲ၌ အာဆီယံဆိုင်တရုတ်သံအမတ်ကြီး H.E. Hou Yanqi နှင့်အတူ အမှာစကား ပြောကြားခဲ့သည်။ 


ဆွေးနွေးပွဲ၌ အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများက အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်နိုင်ငံ လက်မှတ်ရေးထိုးသည့်အချိန်မှ ယခုအချိန်အထိ နှစ်(၂၀)ကြာကာလအတွင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ သဘောတူစာချုပ်ကို လက်တွေ့အကောင်အထည်ဖော်ရာ၌ စိန်ခေါ်မှုများနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)