Pages

Pages

ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ ထောက်ပံ့ပေးအပ်




MNP ၊    ဇွန်   ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ထင်းလောင်စာ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများကို စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာနေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျေးရွာသုံးသစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးဟောပြောသည်။


ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်မီးဖို အလုံးရေ ၇၉ လုံးကို ဒေသခံပြည်သူများထံ ထောက်ပံ့ပေးအပ်ကာ စွမ်းအားမြှင့်မီးဖို၏ သုံးစွဲနည်းစနစ်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


 လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment